Day 1 ရဲ့ Multi-media challenge ကို မြန်မာလှမယ် ဟန်သိမ့်က ရမှတ် ၉၉.၅ ဖြင့် ဦးဆောင်

KyawZayYa@MissWorld profile image
Aug 10, 2026

Day 1 ရဲ့ Multi-media challenge ကို မြန်မာလှမယ် ဟန်သိမ့်က ရမှတ် ၉၉.၅ ဖြင့် ဦးဆောင်နေပြီး သူ့နောက်မှာတော့ သီရိလင်္ကာအလှမယ်၊ သြစတျေးလျအလှမယ်၊ ယူဂန်ဒါ၊ က‌ေမ္ဘောဒီးယား၊ ဖီလစ်ပိုင်တို့က အမီလိုက်နေကြပါတယ်။

Tr. Zay ရဲ့ အရင်နှစ်တွေတုန်းက analysis အရ Multi-media challenge ဟာ ပွဲပြီးခါနီးမှ ဝုန်းဒိုင်းကြဲဝင်ကြည့်ပြီး ရမှတ်တက်အောင်လုပ်လို့ရတဲ့ challenge မဟုတ်ပါဘူး။

နေ့စဉ် viewer ကြည့်ရှုသူအရေအတွက်တည်ငြိမ်ရမယ်။

ကြည့်ရှုသူတွေ နေ့စဉ်ပြုလုပ်ပေးတဲ့ like, comment & share အချက်အလက်တည်ငြိမ်မှု data consistency ရှိရပါမယ်။

ဒီအချက်တွေဟာ ရမှတ်ကို ဖြေးဖြေးနဲ့မှန်မှန် တိုးစေပါတယ်။

မှတ်မှတ်ရရ မနှစ်က ထိုင်းအလှမယ် Opal နဲ့ သူ့ရဲ့နောက်က ဒု၊ တ လိုက်တဲ့ ဖီလစ်ပိုင်တို့ဟာ ပွဲနားနီးမှ အသည်းအသန် like, comment & share လုပ်လည်း Daily Engagement Consistency (နေ့စဉ်ဝင်ရောက်ကြည့်ရှုသူများ၏ ပါဝင်တုံ့ပြန်မှုတည်ငြိမ်ခြင်း) ဆိုတဲ့ရမှတ်ကို လိုက်မမီနိုင်ခဲ့ပါဘူး။

ဒါကြောင့် နေ့စဉ် အချိန်တိုင်း Official Han Theint account က တင်ထားတဲ့ပုံတွေမှာ like, comment နဲ့ share ကြဖို့မေတ္တာရပ်ခံပါတယ်။

#MissWorld

#MissWorldMyanmar

8
Comments
anonymous profile image
Powered by RoundtableBuilt on infrastructure designed for real-time media. Learn more at RTB.io.© Roundtable 2026. By using this site you agree to the Terms of Use and Privacy Policy