‼️⚠️Myanmar channel မဟုတ်ပဲ World channel မှာ မသိပဲ မှားပြီး member ဝင်မိပြီး postတင်နေမိသူများအတွက်‼️⚠️
သေချာမသိလိုက်ပဲ မှားပြီး Miss World channel မှာ member ဝင်မိပြီး အဲ့မှာ post တင်ကြတာမျိုးဆိုရင် ကိုယ်တွေရဲ့ Miss World Myanmar channel ကိုပဲ သီးသန့် join ထားပြီး postတင်ချင်တဲ့သူတွေက ဒီလိုလုပ်လိုက်ပါ

ကိုယ်တွေက Myanmar က Miss အတွက် ကြိုးစားပြီး postတင်နေပေမယ့် တင်နေတာတွေက Miss World channel မှာဆိုတော့ MW channel ကပဲ membersတွေ ပိုတိုးနေတာမြင်ရမှာပါ postတွေကလဲ MW channel မှာပဲ Myanmar က တင်နေကြတာကိုလဲ မြင်ရတာမို့ ကိုယ်တွေကြိုးစားသမျှအကုန်လုံး ကိုယ့်Missအတွက်ဖြစ်ဖို့ ဒီpostကိုတင်တာပါ (တမင်MW channel မှာတင်တာဆိုလဲရပါတယ် အခုက မသိပဲနဲ့ တင်မိတယ်ဖြစ်မှာစိုးလို့ ပြန်ပြင်လို့ရအောင်ပါ)

မြန်မာMissကို points ပိုရအောင် Myanmar channel မှာ တင်မှ မြန်မာMissရဲ့ account ကို ခနခနဝင်ကြည့်ပြီး commentsနဲ့ like ပေးတာရယ် video တင်ရင် အဆုံးထိကြည့်ပေးတာမျိုး အဆင်ပြေရင်ပြေသလို ခနခန ကြည့်ပေးတာမျိုး လုပ်ပေးရပါမယ် အဲ့ကနေ အမှတ်ရမှာပါ ကိုယ့်Missက

ကိုယ့်Missကိုသူတို့အာရုံစိုက်လာအောင် မှတ်မိအောင် ဒီလိုမျိုးမှာဖြစ်ဖြစ် အားထည့်ပြီး ကြိုးစားပေးရပါမယ် Myanmar က Miss အတွက် Myanmar channel မှာ member ဝင်ပါ like ပေးပါ comment ရေးပါ video တင်ရင် အဆုံးထိကြည့်ပေးပါ (အကြိမ်ရေမကန့်သတ်ထားလို့ အဆင်ပြေသလို commentမန့်တာ video ကြည့်တာ လုပ်လို့ရပါတယ်)

Myanmar channel မဟုတ်ပဲ Miss World channel ကို member ဝင်မိထားတယ်ဆိုရင် ဒီလိုလိုက်လုပ်ပါ

ဖုန်းမျက်နှာပြင်ရဲ့ဘယါဘက်ထောင့်မှာရှိတဲ့ မြှားထိုးပြထားတဲ့ အချောင်းသုံးချောင်း နေရာကိုနှိပ်ပါ


ဒီမှာဆို World နဲ့ Myanmar channel ၂ခုလုံးမှာ member ဖြစ်နေတာမြင်ရမှာပါ အခုက Myanmar channel မှာ ပိုပြီးအားစိုက်ထုတ်ကြမှာမို့ World ကနေ ထွက်ပါမယ် အဲ့တာကြောင့် World channel ကို နှိပ်လိုက်ပါမယ်

World မှာ member ဖြစ်နေရင် ဝိုင်းပြထားတဲ့နေရာမှာ member လို့ပေါ်နေပါလိမ့်မယ် (join လို့ပေါ်ရင် member မဝင်ထားတာမို့ ဘာမှဆက်လုပ်ဖို့မလိုပါဘူး)

Member လို့ပေါ်နေတဲ့သူတွေက Member ဆိုတဲ့နေရာကိုနှိပ်ရင် ပုံပြထားတဲ့အတိုင်းပေါ်လာပါမယ် OK နှိပ်ပါ ဒါဆိုရင် ပြီးပါပြီ Myanmar channel မှာ member ပိုများအောင်လို့ မှားပြီး member ဝင်မိတာမျိုးရှိရင် ဒီနည်းအတိုင်းလုပ်ပါ
#MissWorldMyanmar2026

