ဟန်သိမ့်ရဲ့ The Most Active Fandom ကြီးရေ Miss World apps ရဲ့ အမှတ်ပေးစည်းမျဉ်းကို ရှင်းပြချင်ပါတယ်ခင်ဗျ ☺️🇲🇲
ပုံမှာပြထားတဲ့အတိုင်း အမှတ်ပေးစည်းမျဉ်း ၄ ခုရှိပါတယ်။
၁။ New Users (40 %)
နေ့စဉ် အကောင့်သစ်တွေများများ ဟန်သိမ့်ကို Follow လုပ်လေလေ အမှတ်က ၄၀ ရာခိုင်းနှုန်းတိတိ တိုးလာလေလေဖြစ်ပါတယ်။
၂။ Video Views (20%)
ဟန်သိမ့်အနေနဲ့ Video တွေများများတင်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ photo views အတွက်တောင် စည်းမျဉ်းအဖြစ် အထူးတလည်မဖော်ပြဘဲ video views ကို မီးမောင်းထိုးပြပြီး စည်းမျဉ်းအဖြစ် သတ်မှတ်ထားလို့ပါ။ တင်တဲ့ video တွေကိုလည်း fan တွေအနေနဲ့ အဆုံးထိကြည့်ပေးပါ။ ခဏခဏဝင်ကြည့်လို့ရပါတယ်။ အဆုံးထိသာကြည့်ပေးပါ။ ရမှတ် ၂၀ ရာခိုင်နှုန်းပါ။
၃။ Page views (20%)
ဟန်သိမ့်ရဲ့အကောင့်ထဲကို ခဏခဏဝင်ကြည့်ပြီး အနည်းဆုံး ၁၀ စက္ကန့်ကနေ like ရော comment ရေးပြီးတဲ့အထိနေပါ။ တခြားသူတွေရဲ့ comment တွေကိုလည်း အချင်းချင်းနှီးနှောရေးသားကြပါ။ ဖြစ်နိုင်ရင် comment မှာ #MissWorldMyanmar လို့ hashtag နဲ့ရေးကြပါ။ ရမှတ် ၂၀ ရာခိုင်နှုန်းပါ။
၄။ Active user (20%)
မိမိသုံးသမျှအကောင့်တွေနဲ့ အပေါ်က အချက်တွေကို နေ့တိုင်းလုပ်ပေးရုံနဲ့ ဟန်သိမ့်အတွက် နောက်ထပ် ၂၀ နာခိုင်နှုန်းရမှတ်ရရှိပါတယ်ခင်ဗျ။
ကဲ စနစ်တကျအားပေးရင်း ကိုယ့်ရဲ့အားထုတ်မှုတွေနဲ့ ဟန်သိမ့်ကိုအမြင့်ဆုံးထိပို့ပေးလိုက်ကြရအောင်ပါ။ ☺️🇲🇲 Han Theint Theint Aung
#missworldmyanmar
#missworld #hantheinttheintaung #missworldmyanmar2026 @Han Theint Theint Aung

